ရော်ဘာ အစေးလှီးခြင်း

၁၁ သြဂတ် ၂၀၂၁ စိုက်ပျိုးရေးရာ နည်းပညာ
htwettoe

အစေးလှီးခြင်းဆိုသည်မှာ ရော်ဘာအစေးထုတ်ယူရန်အတွက် ရော်ဘာပင်၏အခေါက်တွင် ဒဏ်ရာများ စနစ်တကျပေးသောလုပ်ငန်းစဉ်ဖြစ်ပါသည်။ အစေးနောက်တစ်ကြိမ်ထွက်ရှိရန်အတွက် အစေးကြောများ၏ထိပ်ဝတွင် ပိတ်နေသောအဆို့များကို အခေါက်နှင့်အတူ အစေးလှီးကြောင်းအတိုင်း ပါးပါးလွှာ၍ လှီးထုတ်ခြင်းဖြစ်ပါသည်။
 
ကောင်းမွန်သောအစေးလှီးစနစ်
- အထွက်နှုန်းများများရရှိရမည်။
- ကုန်ကျစရိတ်အသက်သာဆုံးဖြစ်ရမည်။
- သင့်တင့်သောအခေါက်ကုန်ဆုံးမှုသာရှိရမည်။
- အပင်လုံးပတ်ဆက်လက်ကြီးထွားမှုနှင့် ပြန်တက်အခေါက်များကောင်းမွန်ရမည်။
- အစေးခန်းအခေါက်ခြောက်ခြင်းနှင့် ရောဂါဖြစ်ပွားမှုနှုန်း အနည်းဆုံးဖြစ်ရမည်။
 
အစေးမလှီးခင်ခြံကို ဘယ်လိုပြင်ဆင်ရမလဲ?
(၁) အစေးလှီးရမည့် အပင်အရွယ်အစား
အပင်အမျိုးအစား - ဖူးဆက်ပင်
အပင်အမြင့် - (၅၀) လက်မ
လုံးပတ် - (၂၀) လက်မ
၁ ဧက အရွယ်ရောက်ပင် ရာနှုန်း - ၇၀%
အပင်အမျိုးအစား - အစေ့စိုက်ပင်
အပင်အမြင့် - (၂၀) လက်မ
လုံးပတ် - (၂၀) လက်မ
၁ဧကအရွက်ရောက်ပင် ရာနှုန်း - ၇၀%
 
(၂) အစေးလှီးကြောင်း အစောင်းဒီဂရီသတ်မှတ်ခြင်း
- အစေးကြောများသည် ညာဘက်အမြင့်မှ ဘယ်ဘက်အနိမ့်သို့ ၅ ဒီဂရီစောင်း၍ ပင်စည်ကိုခရုပတ် ရစ်ပတ်နေသည်။
- ထို့ကြောင့် အစေးလှီးရာတွင် ဘယ်ဘက်အမြင့်မှညာဘက်အနိမ့်သို့ စောင်းပြီးလှီးရမည်။
- အဖူးဆက် (ကိုင်းကူးပင်) များတွင် ၃၀-၃၅ ဒီဂရီစောင်းရမည်။
- အစေ့စိုက်ပင်များတွင် ၂၅-၃၀ ဒီဂရီစောင်းရမည်။
 
(၃) အစေးလှီးနည်းနှင့် တစ်လအတွက် အခေါက်ကုန်နှုန်းသတ်မှတ်ခြင်း
ရက်ခြားအစေးလှီးစနစ်ဖြင့်လှီးပါက
ပုံမှန်တစ်ကြိမ် အစေးလှီးလျှင် - တစ်လက်မ၏ ၈ပုံ၁ပုံ
တစ်နှစ်လုံးအခေါက်ကုန်နှုန်း - ၈လက်မ - ၁၀လက်မ

အားဆောင်

၁၁ သြဂတ် ၂၀၂၁၀၇:၁၈ ညနေပိုင်းကြိုက်တယ်