ငွေနှင်းမှို စိုက်ပျိုးနည်း

၁၇ ဖေဖော်ဝါရီ ၂၀၂၂ စိုက်ပျိုးရေးရာ နည်းပညာ
htwettoe
ငွေနှင်းမှိုစိုက်ပျိုးနည်း

• မှိုထုပ်များကို လေဝင်လေထွက်ရရှိ၍ တိုက်ရိုက်နေမပူသောနေရာတွင် ထားပါ။အပူချိန် (၂၅ -၂၈ ) ဒီဂရီစင်တီဂရိတ် ရရှိ၍ စိုထိုင်းဆ (၈၀)% ရှိရမည်။


• မှိုထုပ်၏ ထိပ်၀ မျက်နှာပြင်ပေါ်ရှိ ပလတ်စတစ်အနာများကို ဓါးသန့်သန့်ဖြင့် လှီးဖြတ်ပြီးလျှင် တစ်ဆင့်နှင့်တစ်ဆင့် (၁ပေခွဲ) အကွာအဝေးရှိသော ဝါးစင်၊သစ်သားစင် များအပေါ်တွင် အထုတ်များကို ထောင်၍ သော်လည်းကောင်း၊ လှဲ၍ လည်းကောင်း ထားပါ။ လှဲ၍ ထားလျှင် နှစ်ဆင့်ထပ်နိုင်ပါသည်။


• နေ့စဉ် ရေပန်းခရားငယ်ဖြင့် မှိုထုပ်များကို ညင်သာစွာ ရေလောင်းပေးရပါမည်။ ရေလောင်းလျှင် အထုပ်အတွင်း ရေမဝပ်ရန် ဂရုပြုရမည်။ ရေဝင်ပါက မှိုထုပ်များ ပုပ်ရိသွားနိုင်သည်။


• မှိုထုပ်များ စဖွင့်ပြီး (၃-၇) ရက်တွင် မှိုပွင့်ငယ်ကလေးများ ထွက်ပေါ်လာသည်။ (၃-၄) ရက်တွင် ဆွတ်ခူးရန် အသင့်ဖြစ်ပါသည်။


• ဆွတ်ခူးရန် သင့်တော်သော မှိုပွင့်၏ အနေအထားမှာ ဘေးအနားသားများ မကွဲမီ (သို့) မှိုပွင့်များ မရော်မီတွင် ဆွတ်ခူးရပါသည်။ မှိုပွင့်များ အောက်ခြေမှ လက်ဖြင့် ညင်သာစွာ နှုတ်ယူရပါမည်။ ချိုးဖဲ့ ဖြတ်တောက်၍ မယူရပါ။


• မှိုပွင့်များ ခူးယူပြီးသောအခါ မှိုထုပ်၏ အပေါ်ယံမျက်နှာပြင်ကို လက်မဝက်ခန့် သန့်စင်သော ဓါးဖြင့် လှီးပစ်ရပါမည်။


• လှီးဖြတ်ပြီးသော မှိုထုပ်(၄-၅) ရက်ခန့် ရေမလောင်းပဲ ထားရမည်။ ထိုရက်အတွင်း အထုပ်မျက်နှာပြင်တွင် မှိုမျှင်များ ပြန်လည်ဖြူဖွေးလာပါမည်။ ၎င်းအချိန်တွင် ရေဖျန်းပေးပါက ဒုတိယအကြိမ် မှိုပြန်ထွက်လာပါသည်။


• ထိုနည်းအတိုင်း မှိုထုပ်၏ အောက်ခြေရောက်သည်အထိ (၃-၅) ကြိမ် စိုက်ပျိုးဆွတ်ခူးရယူနိုင်သည်။


• မှိုထွက်အား ပိုမိုကောင်းစေရန် ပုလဲဓာတ်မြေသြဇာ (၆) ကျပ်သားနှင့် တီစူပါ ဓာတ်မြေသြဇာ (၃) ကျပ်သားကို ရေနှစ်ဂါလံခွဲတွင် ဖျော်စပ်၍ (၂) ရက်ခြားတစ်ကြိမ် ပတ်ဖျန်းပေးရပါမည်။


• (၆၀) ကျပ်သားရှိသော မှိုစိုက်ထုပ်တစ်ထုပ်မှ မှိုပွင့်အလေးချိန် (၂၀) ကျပ်သား ရရှိနိုင်ပါသည်။


သိုလှောင် သိမ်းဆည်းနည်း
အစိုအခြေအနေ


• အပူချိန် (၀ ) ဒီဂရီစင်တီဂရိတ်ရှိ ရေခဲသေတ္တာတွင် သိုလှောင်ပါက (၂-၃) ပတ်အထိ ထားနိုင်ပါသည်။


• အပူချိန် (၅ -၁၀ ) ဒီဂရီစင်တီဂရိတ်ရှိ ရေခဲ သေတ္တာတွင် သိုလှောင်ပါက (၂-၃)ရက်အထိ ထားနိုင်ပါသည်။


• အပူချိန် (၂၀ - ၂၅ )ဒီဂရီ စင်တီဂရိတ်ရှိ အအေးခန်းတွင် သိုလှောင်ပါက (၄-၆) နာရီအထိ ထားနိုင်ပါသည်။


• ရေခဲခြောက်ဗူးတွင် ထားသိုပါက (၄-၆) နာရီအထိ ထားနိုင်ပါသည်။


• အေး၍ စိုစွတ်သော နေရာတွင် ထားမည်ဆိုပါက (၂-၃) နာရီအထိ သာ ထားသိုနိုင်ပါသည်။


အခြောက် အခြေအနေ


နေရောင်ခြည်ဖြင့် အခြောက်ခံပါက နေပြင်းပြင်းတွင် (၂) ရက် အခြောက်ခံရပါမည်။
အခြောက်ခံ ကိရိယာဖြင့် အခြောက်ခံပါက လေဝင်လေထွက်ရရှိသော အခြောက်ခံ ကိရိယာတွင် အပူချိန် (၄၁ - ၄၃ )ဒီဂရီစင်တီဂရိတ်တွင် (၁၅) နာရီကြာ အခြောက်ခံရပါ မည်။
အကျိုးကျေးဇူးများ
မှို စိုက်ထုပ်(၁)ထုပ် စိုက်ပျိုးခြင်းဖြင့် (၂၅၀-၅၀၀)ကျပ် ကုန်ကျမည်ဖြစ်ရာ တစ်ထုပ်ဝင်ငွေ (၈၀၀-၁၀၀၀) ကျော် ရရှိမည်ဖြစ်ပြီး အမြတ် (၅၀၀) ဝန်းကျင်ခန့် ရရှိ နိုင်မည်ဖြစ်ပါသည်။


Source - စိုက်ပျိုးရေးဦးစီးဌါန

မှိုစိုက်ပျိုးနည်းနှင့် မျိုးအတွက်ဆက်သွယ်ရန်


စိုက်ပျိုးရေးဦးစီးဋ္ဌာန
ကော်ဖီ-ရာသီ သီးနှံဋ္ဌာနခွဲ
ရုံးအမှတ် (၅၀)၊ နေပြည်တော်
ဖုန်း- ၀၆၇-၄၃၁ ၃၁၅ ၊ ၀၆၇-၄၃၁ ၂၀၅


မှိုသုတေသန နှင့် နည်းပညာဖွံ့ဖြိုးရေးခြံ
(၉)မိုင်၊ပြည်လမ်း၊ ရန်ကုန်မြို့
ဖုန်း- ၀၉-၄၂၀ ၀၈၂ ၂၀၀၊ ၀၉- ၄၀၂ ၅၆၈ ၉၀၀
လမ်းညွှန်- အေဝမ်းမှတ်တိုင်တွင် ဆင်းပါ။

Golden Rain Family (Myanmar) Line Sulphur ထုပ်လုပ်

htwettoe
၁၉ ဖေဖော်ဝါရီ ၂၀၂၂၀၅:၀၇ ညနေပိုင်းကြိုက်တယ်