ကော်ဖီစိုက်ပျိုးနည်း

၂၅ ဒီဇင်ဘာ undefined စိုက်ပျိုးရေးရာ နည်းပညာ
htwettoe


 


၁။ ကော်ဖီမျိုးများ
ရူပဗေဒလက္ခဏာကွဲပြားခြားနားချက်များအရ Coffee Arabica မျိုး C.liberica မျိုးနှင့် C.excelsa မျိုးဟူ၍(၄)မျိုးရှိသည်။ မြန်မာနိုင်ငံတွင် ပင်လယ်ရေမျက်နှာပြင်အထက်မြင့် အလိုက်ဖြစ်ထွန်းမှုအခြေအနေပေါ်မူတူ၍ ကုန်းမြင့်ကော်ဖီမျိုးနှင့် မြေနိမ့်ကော်ဖီမျိုးဟူ၍ (၂)မျိုးခွဲ ထားပါသည်။
ကုန်းမြင့်မျိုးများမှာ C.arabica မျိုးများဖြစ်ပြီး မြေနိမ့်ကော်ဖီမျိုးများမှာ အများအားဖြင့် C.robusta နှင့် C.liberica မျိုးများဖြစ်ပါသည်။ ကုန်းမြင့်ကော်ဖီမျိုးများမှာ အများအားဖြင့် C.robusta နှင့် C.liberica မျိုးများဖြစ်ပါသည်။
ကုန်းမြင့် ကော်ဖီမျိုးများမှာပင်လယ်ရေမျက်နှာပြင်အထက် ပေ(၂၇၀ဝ)မှ (၅၄၀ဝ)အတွင်း ဖြစ်ထွန်းပြီး မြေနိမ့် ကော်ဖီမျိုးများမှာ ပင်လယ် ရေမျက်နှာပြင်မှ အထက်ပေ(၂၇၀ဝ)အထိအတွင်း ဖြစ်ထွန်းသည်။
၂။ မြန်မာနိုင်ငံတွင် စိုက်ပျိုးသည့်ဒေသ
ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် အကြီးအကျယ်စိုက်ပျိုးကြသည်။ ကယားပြည် နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင်လည်းအနည်းငယ်စီ စိုက်ပျိုးကြသည်။
မြေနိမ့်ကော်ဖီမျိုးများကို ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မွန်ပြည်နယ်၊ တနင်္လာရီတိုင်းများတွင်စိုက်ပျိုးဖြစ်ထွန်းပါသည်။
မှတ်ချက်။ ။ ကော်ဖီမျိုး(၄)မျိုး၏ ရူပဗေဒလက္ခဏာကွဲပြားခြားနားချက်များကို နောက်ဆက်တွဲ(၂)ဖြင့်ဖော်ပြထားပါသည်။
၃။ မြေနေရာ ရွေးချယ်ခြင်း
ကော်ဖီစိုက်ခင်းမြေနေရာသည် ရေစီးဆင်းမှုကောင်းမွန်သည့်ပြန့်ပြူးညီညာသောမြေနေရာဖြစ်သင့်ပါသည်။
တောင်စောင်းများတွင်စိုက်ပျိုးပါက ဆင်ခြေလျှော(၁၀ မှ ၁၅)ရာခိုင်နှုန်းသာရှိသင့်ပြီးတော်စောင်းရှည်လျားပါက (၃၅)ရာခိုင်နှုန်း ထိစိုက် ပျိုးနိုင်ပါသည်။တောင်စောင်းမတ်စောက်လွန်းပါက ကွန်တိုနှင့် လှေကားတစ်များဖော်ထုတ်စိုက်သင့်ပါသည်။
၃။ မြေအမျိုးအစား
အပေါ်ယံမြေသားနက်ပြီး သစ်ဆွေးဓာတ်ကြွယ်ဝသော မြေမျိုးသည်အသင့်တော်ဆုံးဖြစ်ပါသည်။လေဝင်လေထွက်ကောင်းမွန်ပြီး ရေမဝပ်သောအခြေအနေရှိရန်လိုအပ်ပါသည်။ မြေအချဉ်ငံဓာတ် pH(၇)အောက်တွင်စိုက်ပျိုးဖြစ်ထွန်းသော်လည်းPH(၄.၅) မှ (၅.၅) အတွင်းမှာအကောင်းဆုံးဖြစ်ပါသည်။
၅။ ရာသီဥတု
အကြမ်းအားဖြင့်တစ်နှစ်ပတ်လုံး ညီမျှစွာမိုးရွာသွန်းသည့်အေးမြသောရာသီဥတုကိုနှစ်သက်ပါသည်။ အစိုဓာတ် (၇၈ မှ ၈၅ရာခိုင်နှုန်း) အပူချိန်(၁၃ မှ ၂၆)ဒီဂရီစင်တီဂရိတ်နှင့် တစ်နှစ်မိုးရေချိန် (၁၉၀ဝ မှ ၂၀ဝဝ)မီလီမီတာ ရှိရန်လိုအပ်ပါသည်။ ကော်ဖီသည် လင်းတာကို ကြိုက်ပ်သဖြင့်တစ်ရက် (၁၃)နာရီထက် ကျော်သည့်ဒေသများတွင်သီးပွင့်မှုမရှိသဖြင့် လင်းတာတိုဗေဒများတွင်သာစိုက်ပျိုးဖြစ်ထွန်းနိုင် ပါသည်။
၆။ မျိုးစေ့ခံယူရေးနှင့် ပြုပြင်ခြင်း
မျိုးစေ့ခံယူမည့်အမိပင်သည် သက်တမ်း(၆)နှစ်မှ(၈)နှစ်ခန့်ရှိပြီး အပင်ရှင်သန်ကြီးထွားမှုအသီးတင်မှုနှင့် အပင်ပုံသဏ္ဍန်စသည့် လက္ခဏာ များကောင်းမွန်သော အပင်များကို ရွေးချယ်ဆွတ်ခူးရပ်မည်။
ဆွတ်ခူးပြီးသည့် အသီးများကို ရေစည်ပိုင်းတွင်ထည့်၍ရေစိမ့်ပြီး ရေပေါ်နေသော အပင်မပေါက်နိုင်သည့် အသီးညံ့များကိုဖယ်ပစ်ရမည်။ ရွေးချယ်ထားသောအသီးများကို အခွံချွတ်၍ အချဉ်ပေါက်စေရန်၊တစ်ညခန့်ရေစိမ်ထားရမည်။ နောက်တနေ့တွင်ရိနေသော အသီးခွံနှင့် အသီးများကို အသားများကိုရေဖြင့်စင်အောင်ဆေးကြောဖယ်ရှားပစ်ရသည်။ ဆေးကြောပြီးအစေ့များကို အရိပ်အောက်တွင် (၁၀)ရက် ကြာခန့် လေသလပ်အခြောက်ခံရသည်။ အစိုဓါတ် ရာခိုင်နှုန်း(၁၅ မှ ၁၈)ကျန်သည်အထိအခြောက်ခံရသည်။ မျိုးစေ့များကို ဆွတ်ခူး ပြုပြင်ပြီးမကြာမီ အချိန်အတွင်းစိုက်ပျိုးသင့်သည်။ သို့ရာတွင်ပြာဖြင့်လူးနယ်၍ ခြောက်သွေ့သောနေရာတွင်သိုလှောင်ခြင်းဖြင့် အချိန် ကာလအတန်ကြာသည်အထိ အပင်ပေါက်နှုန်းများစွာ မကျဆင်းအောင် ထိန်းသိမ်းနိုင်ပါသည်။


ကော်ဖီမျိုးစုတွင် မျိုးစိတ် (Species) ပေါင်း (၇၀) ခန့်ပါဝင်ပြီး ယင်းတို့အနက် စီးပွားဖြစ်စိုက်ပျိုးရေးတွင် အဓိကအရေးပါသော ကော်ဖီမျိုးစိတ် (၄) မျိုးမှာ
(၁) Coffea Arabica – အာရေးဘီးကားကော်ဖီ
(၂) Coffea canephora ရိုဘတ်စတာကော်ဖီ
(၃) Coffea Librica လိုက်ဘရီကာကော်ဖီ
(၄) Coffea excels အိတ်ဆယ်စာကော်ဖီ
တို့ဖြစ်ကြသည်။
ပင်လယ်ရေမျက်နှာပြင် အမြင့်အလိုက် ဖြစ်ထွန်းမှုပေါ်မူတည်၍ အထက်ပါကော်ဖီ (၄) မျိုးအား
(၁) ကုန်းမြင့်ကော်ဖီ Arabica Coffee
(၂) မြေနိမ့်ကော်ဖီ Robosta Coffee
ဟူ၍ (၂) မျိုးခွဲခြားထားသည်။


 မြန်မာနိုင်ငံတွင် စိုက်ပျိုးသောဒေသများနှင့် ကော်ဖီမျိုးများ
အာရေးဘီးကားကော်ဖီ
အေးမြသောရာသီဥတုရှိသည့်- ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ (မြောက်ပိုင်း) ၊ ချင်းပြည်နယ် ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်
ရိုဘတ်စတာကော်ဖီ
ကရင်ပြည်နယ် သံတောင်မြို့နယ်
ကော်ဖီမျိုးများ
မြန်မာနိုင်ငံတွင် အဓိကစိုက်ပျိုးလျက်ရှိသော ကုန်းမြင့်ကော်ဖီ (Arabica Coffee) မျိုးများ-


ပြင်ဦးလွင်ဒေသမျိုး S- 795, Caturra, Catimor , Blue Mountain , San Ramon, Amarella, SL28, SL34, Progenies 86, P-88, P -90, LC 1662, C1669/36, H306, H420, H528,Catuai , K-7, Costarica T-5175, Costarica T-8667


အရည်အသွေးကောင်းကော်ဖီထုတ်လုပ်နိုင်ရေးအတွက်
မျိုးကောင်းမျိုးသန့်မိခင်ပင်ကို ရွေးချယ်၍ မျိုးစေ့ထုတ်လုပ်ခြင်းကို ဒီဇင်ဘာနှင့်ဇန်နဝါရီလများတွင် ဆောင်ရွက်ပါ။
မြေမျက်နှာပြင် ညီညာပြီးမိုးသည်းထန်စွာရွာသွန်းချိန်တွင် ရေမဝပ်သည့်နေရာကို ရွေးချယ်၍ ပျိုးခင်းပြုလုပ်ပါ။
အပင်ပေါက် ရာခိုင်နှုန်း ၉၅% ရရှိရန် မျိုးစေ့သက်တမ်းလေးလအတွင်း ပျိုးထောင်ပါ။
ပျိုးပင်သက်တမ်း တစ်နှစ်သားခန့် (အရွက်စုံ ၆ အစုံ) ရှိနေချိန်တွင် စိုက်ခင်းထဲသို့မြေချစိုက်ပျိုးပါ။
စိုက်ခင်းမြေရွေးချယ်ရာတွင် မြေသားနက်၍ ရေစီးရေလာ ကောင်းမွန်သော မြေစိုင်ဖွဲ့စည်းမှု ကောင်းသော မြေမျိုးကို ရွေးချယ်ပါ။
စိုက်ခင်းတွင် အရိပ်ပင်(ခါတော်မျီ) များကို ၉၂) နှစ်ခန့်ကြိုတင်၍ စိုက်ပျိုးခြင်းနှင့် မြေအစောင်း ရာခိုင်နှုန်းများသော နေရာများတွင် မြေဆီလွှာရေတိုက်စားမှုနည်းစေရန် မြေဖုံးပင်များ စိုက်ပျိုးခြင်း၊ ရေခံရေတား၊ ကျင်းများတူးခြင်းတို့ကို လုပ်ဆောင်ပါ။
ကောက်ဖီပင်စိုက်ပျိုးခြင်းကိူ မိုးကျသည်နှင့်တစ်ပြိုင်နက် (၂’×၂’×၂’) ကျင်းတွင် ရာသီအချိန်မီ စိုက်ပျိုးပါ။ မြေချစိုက်ရာတွင် ရေသောက်မြစ် မခေါက်စေရန် သတိပြုပါ။
ကောက်ဖီပင် သက်တမ်း ၁.၂ နှစ်သားအရွယ်တွင် NPK အချိုး ၁း၂း၁ ချိုးအား ကော်ဖီတစ်ပင်လျှင် တစ်အောင်စနှုန်းဖြင့် ပထမအကြိမ် ရွက်နုထွက်ချိန် ဧပြီလတွင် တစ်ကြိမ်၊ ဇူလိုင်လတွင် တစ်ကြိမ် နှင့် ဒုတိယအကြိမ် ရွက်နုထွက်ချိန် စက်တင်ဘာလ တွင် တစ်ကြိမ်ထည့်သွင်းပါ။
ကော်ဖီပင် စက်တမ်း ၃ နှစ်သား နှင့်အထက်ကော်ဖီပင်များတွင် N P K အချိုး ၂း၁း၂ အချိုးအား ကော်ဖီတစ်ပင်လျှင် ၂-၃ အောင်စ နှုန်းဖြင့် အသီးစတင်ချိန် ဧပြီလမှ မေလတွင်တစ်ကြိမ်၊ အသီးအဆံဖြည့်ချိန် ဇူလိုင်လတွင် တစ်ကြိမ်နှင့် အသီးစတင်ရင့်သည့် ကာလ စက်တင်ဘာလများတွင် တစ်ကြိမ်ထည့်သွင်းပေးပါ။
မြေချဉ်ငံဓါတ် pH- ၄-၅ ထက်နိမ့်သောမြေများတွင် ထုံး၊ နို့ဆီဗူးတစ်ဗူးကို ၂ နှစ်လျှင် တစ်ကြိမ်နှုန်းဖြင့် မြေသြဇာထည့်သွင်းပေးရ မည်။
သွင်းအားစုများ ထည့်သွင်းချိန်တွင် အစိုဓာတ်မရှိလျှင် (သို့) မိုးမရွာလျှင် ရေလောင်း၊ ရေသွင်းခြင်းကို ဂရုစိုက်ဆောင်ရွက်ပါ။
ဖေဖော်ဝါရီနှင့် မတ်လများတွင်အသီးစိမ်ပြီးနောက် ကိုင်းဖြတ်ပြုပြင်ခြင်းလုပ်ငန်း၊ ဧပြီ- မေ နှင့် သြဂုတ် စက်တင်ဘာလများတွင် ခေါင်နှိမ်အတက်ဖဲ့လုပ်ငန်း နှင့် နိုဝင်ဘာလအတွင် ပင်ခြေဖုံးခြင်း၊ ဆီးမိုးအုံ့ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပါ။
ကော်ဖီသီး ဆွတ်ခူးရာတွင် ကော်ဖီသီးကိုနေ့ချင်းအခါံချွတ်ခြင်း၊ အကျိခမဲ အလွှာပြောင်အောင် ဆေကြောခြင်း တို့ကိုဆောင်ရွက် ပြီး အစေ့ခွံပါကော်ဖီ Parchment ကော်ဖီစေ့များကို သန့်ရှင်းထားသော တလင်း (သို့) ကော်ဖီစေ့လှမ်းစင်များဖြင့် အခြောက်လှမ်း ပါ။
အစိုဓါတ်ပါဝင်မှု ၁၂% ရောက်ရှိချိန်တွင် သန့်ရှင်းသော Polythene အိတ်များဖြင့် ထုတ်ပိုးပြီး လေဝင်လေထွက်ကောင်း၍ အခန်းအပူချိန်ထက်မမြင့်သော နေရာတွင် စနစ်တကျသိုလှောင်ပါ။


ကော်ဖီ (၁) ဧက စိုက်ပျိုးမှုမှ အကျိုးအမြတ် ရရှိမှု


ပုံ-၁။ ကော်ဖီပင်သည် နှစ်ရှည်သီးနှံဖြစ်သည့်အတွက် အစပိုင်း စိုက်သည့်နှစ်တွင် မျှော်မှန်းသည့် အထွက်နှုန်း (သို့) အရင်းကျေမည် မဟုတ်ပါ။ ပုံတွင်ပြထားသည့် အတိုင်း ပထမနှစ်နှင့် ဒုတိယနှစ်တွင် အထွက်နှုန်းကတော့ ရမည်မဟုတ်သေးပါ။ နောက်ပိုင်းနှစ်များဖြစ်တဲ့ တတိယနှစ်မှ စတင်ပြီး ခန့်မှန်းအထွက်နှုန်း ဝ.၁ တန်/ဧက စတင်ထွက်လာမည်။ စတုတ္ထနှစ်၊ ပဉ္စမနှစ်၊ ဆဌမနှစ် များတွင် အထွက်နှုန်းပိုမို ထွက်လားပြီး အရင်းကျေကာ အမြက်အစွန်းကို တဖြည်းဖြည်း ရရှိလာနိုင်မည်။


စိုက်ပျိုးရေးဦးစီးဌာန


အင်္ဂလိပ်အမည် ….. Coffee
ရူပဗေဒ ……… Cofea spp.
မျိုးရင်းအမည် ……… Rubiaccae