အိမ်မှာတင် စပျစ်ပင်ကို အလွယ်တကူ စိုက်ပျိုးလို့ရနိုင်တယ်ဆိုတာ သင်သိပါသလား?

တချို့ အစေ့တွေကတော့ အပင်ပေါက်နိုင်စွမ်းအားရှိမှာတော့ မဟုတ်ပါဘူးနော်။ ဒါကြောင့် မျိုးညောင့်ပေါက်နိုင်စွမ်းအားကောင်းတဲ့ မျိုးစေ့ကို ရရှိဖို့ကတော့ လိုအပ်ပါတယ်။ စုဆောင်းပီး ရလာတဲ့ မျိုးစေ့လေးတွေကို ပထမဆုံးရေနဲ့ ခပ်ကြမ်းကြမ်းလေး ပွတ်ပီးဆေးပေးလိုက်ပါ။ ပီးနောက် ရေဇလုံထဲမှာ ၂၄ နာရီခန့် ရေစိမ်ထားပေးပါ။
ရေစိမ်ပီးရလာတဲ့ မျိုးစေ့တွေကို ပဝါ အပါးလေးနဲ့ ထုတ်ပီး လေလုံပိတ်ပလစ်စတစ် အိတ်ထဲထည့်၍ ရေခဲသေတ္တာ ထဲမှာ ၂- ၃ လခန့်ကြာအောင်သိမ်းဆည်းထားပါ။ ဒါပေမဲ့ မျိုးစေ့ထည့်ထားတဲ့ အိတ်ကလေးကို ရေမခဲသွားစေဖို့ကိုတော့ အထူးဂရုစိုက်ပေးပါနော်။
၂- ၃ လ ခန့် ကြာပီးနောက်မှာတော့……
မျိုးစေ့ထုပ်ကို ရေခဲသေတ္တာထဲကနေ ထုတ်ပီး နေရောင်အောက်မှာ ခနလောက် နွေးအောင် ထားပေးပါ။ ပီးရင်တော့ ကိုယ်စိုက်ချင်တဲ့ အိုးထဲမှာ မျိုးစေ့လေးတွေကို တစ်စေ့နှင့် တစ်စေ့ ၄ စင်တီမီတာ လောက်ခွာပီး စိုက်ပျိုးလို့ရပါတယ်။ အိုးထဲက မြေကြီးကို သဲ ၊ ဖွဲပြာ ၊ မြေဆွေး အစရှိသည့်နှင့် ရောစပ်ပီးသားဖြစ်ရပါမယ်။ မြေကိုလည်းအမြဲ အစိုဓာတ် ရရှိနေစေဖို့ ရေလောင်းတာတွေပြုလုပ်ပေးရပါပါမယ် ။ ဒါပေမဲ့ ရေမဝပ်စေဖို့ ကို တော့ အထူး သတိပြု ဆောင်ရွက်ပေးရပါမယ်။ မျိုးစေ့ အညောင့်ပေါက်နိုင်ဖို့အတွက် နေ့အပူချိန် ၂၀ ဒီဂရီ စင်တီဂရိတ်နှင့် ညအပူချိန် ၁၅ ဒီဂရီ စင်တီဂရိတ် ရရှိဖို့တော့ လိုပါလိမ့်မယ်။ ၂ - ၈ ပတ်ခန့် ကြာရင်တော့ အိုးထဲမှာ အပင်ပေါက်လေးတွေကို ထွက်လာတာကို တွေ့ရပါပီ။တကယ်လို့ အိုးက သေးရင်တော့ အပင်အမြင့် ၃ လက်မလောက် ရှိပီဆိုကတည်းက အိုးပြောင်းပေးပါ။ အိုးပြောင်းတဲ့ အခါမှာ အမြစ်ကလေးတွေကို ထိခိုက်မှု မရှိအောင်လို့ ဂရုစိုက်ပေးရပါမယ်နော် ။အပင်အမြင့် ၁၂ လက်မခန့်လောက် ရှိလျှင်တော့ အိုးပြောင်းပီး အပင်ရွှေ့စိုက်လို့ ရပါပီ။ စပျစ်ပင်ကို တစ်နေ့လျှင် နေရောင်ခြည် ၈ နာရီခန့်လောက်ရနိုင်မဲ့နေရာသို့ပြောင်းရွှေ့ထားပေးနိုင်ပါတယ်။ အိုးပြောင်းပီး ၂ ပတ်ခန့်ကြာလျှင် ၁၀ ပတ်လည်ကွန်ပေါင်းအနည်းငယ် ကို အပင်ခြေနှင့် ခွာပီး ကျွေးပေးနိုင်ပါတယ်။ စပျစ်ပင်က နွယ်ပင် အမျိုးအစားဘဲ ဖြစ်တဲ့ အတွက် စိုက်ပီး ၂နှစ်ခန့်ကြာလျှင်တော့ တိုင်နဲ့တွဲချည်တာမျိုးတွေ ပြုလုပ်ပေးရပါမယ်။ အစေ့မှ စိုက်ပီး ၃ နှစ်ခန့်ကြာလျှင်တာ့ အသီး စတင် သီးပါပီ။
ရေးသားသူ
ပန်းပျိုမေ(၂၀၁၈)
Reference- https://www.wikihow.com/Grow-Grapes-from-Seeds?fbclid=IwAR19ZUuSc5noOMtDOQbp2UK4GFpmODREiDP67FGZU414PTNe0afdCt_iRcs