ခရေပင် စိုက်ပျိုးနည်း

၀၆ ဒီဇင်ဘာ ၂၀၁၉ စိုက်ပျိုးရေးရာ နည်းပညာ
htwettoe

#HtwetToeCropGuide

ဒီတပတ်ဖော်ပြပေးသွားမဲ့ စိုက်ပျိုးနည်းကတော့ ခရေပင် စိုက်ပျိုးနည်းဘဲ ဖြစ်ပါတယ်။ ခရေပင်ဟာဆိုရင် မြန်မာနိုင်ငံအနှံအပြား မြေပြန့်ဒေသတွေမှာ သဘာဝအလျောက် ပေါက်ရောက်နေတဲ့ နှစ်ရှည်ပင်တစ်မျိုးဘဲ ဖြစ်ပါတယ်။


➢ ပေါက်ရောက်ရာဒေသ

မြောက်သြစတြီးယား ၊ ကမ္ဘောဒီးယား ၊ မြန်မာနိုင်ငံ အပါဝင် အရှေ့တောင်အာရှရှိနိုင်ငံများ တွင် ပေါက်ရောက်ပါသည်။


➢ မျိုးကွဲများ

ခရေပင်ဟာ အဖိုအမ နှစ်မျိုးရှိပါတယ်။ အသီးအပွင့်နှစ်မျိုးလုံး ပါရင်တော့ အမ ပင်ဖြစ်ပီး အဖိုပင်တွေကတော့ အပွင့်ချည်း သီးသန့်ပွင့်ပါတယ်။ အမပွင့်တွေကဆိုရင် အဖိုပွင့်ထက် အနည်းငယ်ကြီးပီး ပိုဖြူပါတယ်။


➢ ရေမြေရာသီဥတု

မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်သော်လည်း ရွှံ့စေးဆန်သော မြေမျိုးတွင် ပိုမိုအဆင်ပြေပါတယ်။ ပူအိုက်စွတ်စိုသော ရာသီဥတုတို့ကို နှစ်သက်သည်။ မိုးရေ အသင့်အတင့်ရရှိသော ဒေသများတွင်သာ ခြောက်သွေ့သော ဒေသများတွင်ပါ စိုက်ပျိုး ဖြစ်ထွန်းနိုင်သည်။ အပင်စောပိုင်း ကာလတွေမှာတော့ နေရောင်ခြည် လုံလောက်စွာ ရရှိဖို့တော့ လိုအပ်ပါတယ်။


➢ စိုက်ပျိုးနည်း

စိုက်ပျိုးရာတွင် အစေ့မှာ စိုက်ပျိုးနိုင်သလို ၊ ကိုင်းဖြတ်ခြင်း ၊ မြေထုတ်စည်းခြင်းဖြင့်လည်း အပင်ပွားယူနိုင်ပါတယ်။

အစေ့မှ စိုက်ပျိုးရာတွင် ပထမဦးစွာ အစေ့ကို အမာတစ်ခုခုဖြင့် ပွတ်တိုက်ခြင်းဖြင့် လည်းကောင်း (သို့) ရေနွေးဆူထဲတွင် (၁၀) မိနစ်ခန့် ထားခြင်းဖြင့်လည်းကောင်း အစေ့ကို ဒဏ်ရာပေးရပါမယ်။


ထို့နောက် နွားချေး ၊ မြေဆွေး တို့နှင့် စပ်ထားသော ပျိုးအိတ်တွေထဲသို့ တစ်အိတ်လျှင် ၂ စေ့နှုန်း ထည့်ပေးရပါမယ်။ ပျိုးအိတ်တွေကို နေရောင်ခြည်နှင့် တိုက်ရိုက်မရသော နေရာမျိုးတွင် ထားပေးပါ။ မြေကြီး မှာ အစိုဓာတ် အမြဲ ရရှိနေဖို့လဲ အလွန်ရေးကြီးပါတယ်။ ၂ - ၃ ပတ်ခန့် ကြာလျှင် အစေ့တွေကနေတစ်ဆင့် အညှောင့်လေးတွေ ပေါက်လာတာကို တွေ့မြင်နိုင်ပါတယ်။ မြေသြဇာ အဖြစ် အပင်သက်တမ်းတစ်လျောက် နွားချေး နှင့် ၁၅ ပတ်လည် ကွန်ပေါင်းတို့ကို အပင်ခြေနှင့် ခွာ၍ ကျွေးနိုင်ပါတယ်။


Reference -http://tropical.theferns.info/image.php?id=Mimusops+elengi

Dominic Hteinlinn

၀၆ မတ် ၂၀၂၀၀၈:၅၄ ညနေပိုင်းကြိုက်တယ်